Vision/Mission

ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ (Vision)

အခြေခံပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို နိုင်ငံတကာအဆင့်မီ ရေးဆွဲ အကောင်အထည်ဖော်ခြင်းဖြင့်လည်းကောင်း၊ သုတေသနရလဒ်များနှင့် တိကျမှန်ကန်သောပညာရေးစာရင်းအင်း၊ သတင်းအချက်အလက်များကို အသုံးပြု၍ ပညာရေးစီမံကိန်းများ‌ရေးဆွဲအကောင်အထည်ဖော်ခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းခွင်ရှိ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြင့်စေခြင်းခြင်းဖြင့်လည်း ကောင်းနိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်

ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်‌ရေးဦးစီးဌာန၏ (Mission)

၁။      နိုင်ငံ့အကျိုးပြု ပညာရေးသုတေသနများဆောင်ရွက်ခြင်း၊ စီမံကိန်းဆိုင်ရာ သုတေသနများ ဆောင်ရွက်ခြင်း၊ စစ်တမ်းများကောက်ယူခြင်း၊ ခေတ်မီသင်ရိုးညွှန်းတမ်း အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်၊

၂။      ပညာရေးကဏ္ဍအတွက် နိုင်ငံတော်၏ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများရေးဆွဲရာတွင် ဦးဆောင်ညှိနှိုင်း ဆောင်ရွက်သည့် ဦးစီးဌာန (Focal Department) အဖြစ် ဆောင်ရွက်ပေးရန်

၃။      သက်ဆိုင်ရာဦးစီးဌာနအသီးသီးက အကောင်အထည်ဖော်နေသည့် ပညာရေး ကဏ္ဍဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ တင်ပြလာသည့် အစီရင်ခံစာများကို စုစည်း၍ ပြည်ထောင်စုဝန်ကြီးရုံးသို့တင်ပြရန်

၄။      နိုင်ငံတော်စီမံကိန်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများ အကောင်အထည်ဖော်မှုကို လေ့လာကြီးကြပ်အကဲဖြတ်၍ အစီရင်ခံစာ များကို လိုအပ်သလို ထုတ်ပြန်ရန်

၅။      ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ ပညာရေးကဏ္ဍတွင် ပိုမိုပူးပေါင်း ပါဝင်လာစေရေး သက်ဆိုင်ရာဖွံ့ဖြိုးမှုမိတ်ဖက်များ (Development Partners)နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်

၆။      ပညာရေးကဏ္ဍအတွက် မှန်ကန်တိကျသည့်စာရင်းအင်း၊ သတင်းအချက် အလက်များကို စုစည်းခြင်း၊ အစီရင်ခံစာများထုတ်ပြန်ခြင်းဖြင့် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူ ပြုစေရေး ဆောင်ရွက်ပေးရန်

၇။      နိုင်ငံခြားပညာသင်ဆုခွဲဝေခြင်း၊ National Qualification Framework (အမျိုးသား ပညာအရည် အသွေးအညွှန်းဘောင်) ဆိုင်ရာလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် စပ်လျဉ်းသည့် ကိစ္စများကိုဆောင်ရွက်ရန်

၈။      လုပ်ငန်းခွင်ရှိဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးတို့ကို ဆောင်ရွက်ရန်

၉။      တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပညာရေးကဏ္ဍ လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးရေး စီမံကိန်းများကို ရေးဆွဲပြုစုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်